သူမအတွက်
စာတစ်စောင်
-လောကကြီးကအရောင်တွေစုံပါတယ် ဒါပေမယ့် သူ့ကိုချစ်တဲ့ကျနော့်အချစ်တွေက တော့ အဖြူရောင်သက်သက်ပါ။ -ကျနော်ဟာ တိမ်စိုင်ကလေးပေါ့ သူခရီးနှင်ရာ ကျနော်လွင့်ရမှာပါ သူလိုအပ်ရင် စိတ်တိုင်းကျ ပုံစံအမျိုးမျိုးပြောင်းပေးနိုင်ပါတယ်။ -သူရှိတဲ့ဒေသဟာ ကျနော့်အချစ်တွေ သည်းထန်စွာ ရွာသွန်းရာရပ်ဝန်း။ -အကောင်းစားရေမွှေးနံ့တွေအစား ကျနော်ဟာ သူ့ဆံနွယ်ရနံ့လေးတွေကို ပိုပြီးခုံမင်ခဲ့တယ်။ -ဗိုလ်လုပွဲမှာ အနိုင်အရှုံး အဆုံးအဖြတ် ပင်နယ်တီကန်ရတာထက် သူ့အပြုံးတွေကပိုပြီး ရင်ခုန်ဖို့ကောင်းလွန်းတယ်။ -သကာရည်လောင်းထားတဲ့ 'မောင်' ဆိုတဲ့ အသုံးအနှုန်းမှာ ဒီလူဟာ နစ်ဝင်ခဲ့ပေါ့။ -ကျနော်ဟာ ငြိတွယ်ခဲ့တာမဟုတ်ပါဘူး တိုးဝင်ခဲ့တာ။ -သူဟာ ရစ်ဘီးလေးဆို ကျနော်ကစွန်ကလေး မေတ္တာကြိုးတွေနဲ့သွယ်ထားတာမို့ အချိန်ယန္တရားကြီးနဲ့ထပ်တူ ဒီရစ်ဘီးလေး ရှေ့ကိုလိမ့်နေသမျှတော့ ကျနော်တို့ပိုနီးလာဖို့ ပဲရှိပါတယ်။ -သူကဆောင်းတွင်းအလယ်ကမီးပုံလေးလိုပဲ သူ့အကြည့်တွေက အေးချမ်းပြီး သူ့အပြုံးတွေ က နွေးထွေးတယ်။ -သေချာပါတယ် ကျနော့်ကိုသာ ကြိတ်စက်ထဲ ထည့်ပြီးကြိတ်လိုက်ရင် သူ့အပေါ်ထားတဲ့ မေတ္တာတွေ ဂါလံနဲ့ချီပြီးထွက်လာမှာ။ -အများကြီးမတောင်းဆိုပါဘူး ဒီဆောင်းတွင်းတော့ ချယ်ရီပန်းတွေထက် သူ့အပြုံးပန်းတွေကို ပိုပြီးပွင့်စေချင်တယ်ဗျာ။
View of the space
1st Jan 2019
The photo NASA took on
our first date
လေးတွေက ဘာပြောလဲ
သူတို့နှစ်ယောက်ဟာ အစွဲအလမ်းကြီးပြီး စိတ်ခံစားလွယ်တဲ့ အတွဲပုံစံမျိုးကိုတွေ့ရတယ် နှစ်ယောက်အတူရှိနေတဲ့အချိန်ဆိုရင် စိတ်လုံခြုံမှုနဲ့ နွေးထွေးမှုတွေ တစ်ယောက်ကိုတစ်ယောက်ပေးနိုင်ကြတယ် အကျင့်စရိုက်တွေကလည်း တူညီလေ့ရှိကြပြီး ပွင့်လင်းကြတဲ့အတွက် ရေရှည်မှာ အဆင်ပြေနိုင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြတယ် တစ်ခုသတိထားရမှာက နှစ်ယောက်လုံးဟာ သူများအပေါ်အနိုင်ရတာကို နှစ်သက်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မာနတွေပြိုင်ပြီး ဝေးကွာသွားနိုင်တယ်
Relationship
စစတွေ့ချင်းမှာ scorpio ရဲ့ ထူးခြားတဲ့ ဆွဲဆောင်ရည်ကြောင့် taurus ကိုဖမ်းစားနိုင်တယ် ဒါပေမယ့် scorpio က စိတ်ဝင်စားမှုမပြမချင်း taurus ကတော့ ဝန်ခံလေ့မရှိတတ်ပါ Scorpio ဟာဟန်ဆောင်အလွန်ကောင်းပြီး သူများစိတ်ကိုဆော့ကစားတတ်တာကြောင့် ပွင့်လင်းမြင်သာတဲ့နှလုံးသားပိုင်ရှင် taurus အနေနဲ့ scorpio ကိုဖွင့်ပြောလာအောင် လုပ်ဖို့က ခက်ခဲတတ်ပါတယ် Scorpio အနေနဲ့လည်း Taurus နဲ့ အေးအေးချမ်းချမ်းနေချင်ရင် ဒေါသကြီးတာလေးကိုတော့ ထိန်းပေးပါ Scorpio ဟာ အပြင်ခရီးတွေမှာ ideaကောင်းကောင်းတွေသုံးတတ်ပြီး Taurusဟာ နေ့စဉ်လူမှုဘဝမှာ ဉာဏ်ရွှင်တာကြောင့် သူတို့နှစ်ယောက်ရဲ့ အားလပ်ချိန်တိုင်းဟာ အပျော်များနဲ့ ပြည့်နှက်နေပါလိမ့်မယ် ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် မွန်းကျပ်အောင်လုပ်မိတဲ့အခါမျိုးမှာတော့ ခနလောက် ခွဲနေပေးတာ ကောင်းပါလိမ့်မယ်
Family
သူတို့မိသားစုဟာ စံပြဖြစ်တယ်လို့ တစ်လောကလုံးရှေ့မှာ ကြွားချင်ကြတဲ့အတွက် မင်္ဂလာဆောင်ဟာ သူတို့နှစ်ယောက်လုံးအတွက်တော့ အလွန်အရေးပါပါတယ် နှစ်ယောက်လုံးဟာ အတ္တကိုယ်စီရှိကြပေမယ့် ကလေးရလာတဲ့အချိန်မှာတော့ မာနတွေကို နောက်ထားပြီး အချစ်ရေးဟာ အလွန်ခိုင်မာလာပါလိမ့်မယ် Taurus က ကလေးတွေလိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးပြီး Scorpioကတော့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုပေးပါလိမ့်မယ်
Intimacy
Taurus တစ်သက်လုံး မျှော်လင့်ထားခဲ့တဲ့ ခံစားမှုမျိုးကို Scorpio က အိပ်ယာထဲမှာ ပေးဆောင်နိုင်ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ကိုယ်ကာယ styleဟာ ပြင်းထန်ကြမ်းတမ်းပါတယ် နှစ်ယောက်လုံးရဲ့ကိုယ်ခန္တာရော စိတ်ရောဟာ သန်သန်မာမာနဲ့ ဆက်စပ်နေပြီး ကစားနည်းမျိုးစုံကိုလည်း ဖော်ဆောင်အသုံးပြုကြပါလိမ့်မယ်